Posts

Showing posts from September, 2017

မြောက်ဥက္ကလာပ ဓါးခုတ်မှု တရားခံများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့v

Image
၂၂_၉_၂၀၁၇ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ ၂ ရပ်ကွက် တံတားလေးဘူတာအနီးရှိ ဂန္တာဝင် ဆည်းဆာ လ္ဘက်ရည်ဆိုင်တွင် ဓါးခုတ်မှူ့ဖြစ်ပွားခဲ့ပါသည်။ စက်တင်ဘာ ၂၂ ရက်နေ့ ည ၈နာရီ ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လူငယ်များ ဓားလက်နက်များ ကိုင်ဆောင်ကာ ခိုက်ရန် ဖြစ်ပွားလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သတင်းရရှိ၍ သွားရောက် စစ်ဆေးခဲ့ပါသည်။  အဆိုပါဖြစ်စဉ်တွင် မြောက်ဥက္ကလာပ မြို့နယ်နေသူများ ဖြစ်သည့် စန်းဝင်းအောင်၊ (၂၈)နှစ်၊ မင်းသူ၊ (၂၂)နှစ်တို့နှစ်ဦးအား ဇေယျကျော်၊ (၂၂)နှစ်မှ အရိုးအသွား ၂၇ လက်မခန့်ရှိ သံရိုးတပ်ဓားရှည်ဖြင့် ၀င်ရောက်၍ ထိုးခုတ်ခဲ့ပြီး နေမင်းထက်၊ (၁၄)နှစ်မှ ၀င်ရောက် လုံးထွေးသတ်ပုတ်ခဲ့ကြသည်။  စန်းဝင်းအောင်သည် ရရှိသည့် ဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ လဲကျသေဆုံးခဲ့ပြီး မင်းသူတွင် နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ၀ဲလက်ဖ၀ါးပွန်းရှဒဏ်ရာ များရရှိခဲ့သဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) တင်ပို့ ကုသခဲ့ရပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ)၁၀၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀...

ဟိုတယ်ရှိ ရေခဲသေတ္တာအတွင်း သေဆုံးနေသော မိန်းကလေး၏ နောက်ဆုံးပုံရိပ် CCTV မှတ်တမ်း

Image
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ကွတ်ကောင်တီ ရို့စ်မောင့်တ်ရွာက The Crowne Plaza ဟိုတယ်မှာ မိန်းကလေးတဦး ရေခဲသေတ္တာထဲ သေဆုံးနေမှု ဖြစ်ပွားခဲ့ပါတယ်။ ဗွီဒီယိုရုပ်သံထဲမှာ အသက် ၁၉ နှစ်အရွယ် သေဆုံးသူ ဆယ်ကျော်သက် ဂျန်ကင်းစ်က စက်တင်ဘာ ၉ ရက်နေ့ မနက် ၃ နာရီ ၂၀ မိနစ်မှာ ဓာတ်လှေကားက ထွက်လာကာ ဟိုတယ်စင်္ကြတလျှောက် ခန္ဓာကိုယ်မထိန်းနိုင်ဘဲ လျှောက်သွားနေတာ တွေ့ရပါတယ်။ ရုပ်သံမှာ သူမ ရေခဲသေတ္တာထဲ ဝင်သွားတာကို မမြင်ရပေမယ့် ရုပ်သံမြင်ကွင်းက သူမပျောက်သွားတာဟာ ရေခဲသေတ္တာထဲ ဝင်သွားတာလို့ ရဲတွေက ယူဆနေကြပါတယ်။ ဂျန်ကင်းစ်ပျောက်ဆုံးသွားတာကို စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ရဲတွေကို တရားဝင်အကြောင်းခဲ့တာဖြစ်ပြီး သူမကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက်အစောကြီး ၁ နာရီမှာ ရေခဲသေတ္တာထဲ သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ သူမက အမထံ တက်စ်မက်ဆေ့ခ်ျ ပို့ခဲ့သေးတယ်လို့ ဆိုပါတယ်။ မိန်းကလေးဂျန်ကင်းစ်က မူးပြီး သူမဘာသာ ရေခဲသေတ္တာထဲ ဝင်သွားကာ အထဲမှာ သေဆုံးသွားတယ်လို့ ရဲတွေက ပြောကြောင်း သေဆုံးသူမိန်းကလေးရဲ့မိခင်အပြောအရ သိရပါတယ်။ မိခင်ဖြစ်သူက အကယ်၍ သူမသမီးက မ...

စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မည့် အစ္စလာမ် အမျိုးသမီး

Image
         စင်ကာပူနိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲကို (၂၀၁၇)၊ စက်တင်ဘာ (၂၃)ရက်တွင် ကျင်းပရန် ရည်ရွယ်ထား သော်လည်း ယနေ့ ထုတ်ပြန်သော သမ္မတလောင်း အတွက် အရည်အချင်း ပြည့်မီသူ စာရင်းတွင် မစ္စ ဟာလီမာ ယကော့ တစ်ဦးသာ အရည်အချင်း ပြည့်မီသဖြင့် ရွေးကောက်ခံစရာ မလိုဘဲ သမ္မတ ဖြစ်လာ မည်ဟု သိရသည်။ သူဟာ စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာ ဖြစ်ပြီး နိုင်ငံ့သမိုင်း၏ (၈) ယောက်မြောက် သမ္မတ ဖြစ်လာမည်။           မစ္စ ဟာလီမာ ယကော့ကို (၁၉၅၄)၊ သြဂုတ် (၂၃) ရက်နေ့တွင် ဖခင် အစ္စလာမ် ဘာသာဝင် အိန္ဒိယ လူမျိုးနှင့် မိခင် မလေးလူမျိုး တို့မှ စင်ကာပူတွင် မွေးဖွားခဲ့သည်။ လက်ရှိ အာဏာရပါတီ People's Action Party (PAP) အာဏာပိုင် အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ (၂၀၁၃)၊ ဇန်နဝါရီမှ (၂၀၁၇)၊ သြဂုတ်လ အထိ စင်ကာပူ လွှတ်တော်၏ (၉)ယောက်မြောက် Speaker of Parliament အဖြစ် လုပ်ခဲ့သည်။ သူသည် (၂၀၀၁) မှ (၂၀၁၅) အထိ စင်ကာပူ Jurong ဧရိယာ မဲဆန္ဒနယ်မှ ရွေးချယ် တင်မြောက် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သည်။        (၂၀၁၅) မှ (၂၀၁၇) အထိ စင်ကာပူ M...

ခိုးဝင် စစ်တကောင်းဘင်္ဂလီများ (သို့မဟုတ်) ရိုဟင်ဂျာ လူမျိုးတု ဖန်တီး တောင်းဆိုနေ ကြသူများ၏ သမိုင်းလိမ် အထောက်အထား များအား ဆန်းစစ်လေ့လာခြင်း

Image
       “ရိုဟင်ဂျာ” ဟူသောဝေါဟာရကို ဘင်္ဂလီမွတ်စလင်တို့ စတင်သုံးစွဲ ခဲ့သည်မှာ ၁၉၄၇ ခုနှစ်တွင် ဖြစ်ကြောင်း၊ ရခိုင်တို့အနေဖြင့် ပြည်နယ် တောင်းဆိုမှု မြင့်မားလာချိန်တွင် ဘင်္ဂလီ တို့ကလည်း တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆို လာကြကြောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် “ရိုဟင်ဂျာနှင့် ကမန် လူမျိုးစုများ” စာအုပ်ကို မြစ်ကြီးနားမြို့ ရိုဟင်ဂျာ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့မှ ပုံနှိပ် ထုတ်ဝေကြောင်း၊ ဆောင်းပါးဆရာ မောင်သံလွင် ဆိုသူကလည်း ရိုဟင်ဂျာလူမျိုးများ အကြောင်းကို မြဝတီ မဂ္ဂဇင်းတွင် ရေးသားကာ တိုင်းရင်းသားအဖြစ် လမ်းကြောင်း ပြခဲ့ကြောင်း၊ အင်္ဂလိပ်တို့ ရခိုင် ပြည်နယ်ကိုသိမ်းပိုက်စဉ် အချိန်အထိ ရိုဟင်ဂျာဟူသော ဝေါဟာရ မပေါ်သေးဘဲ ကိုလိုနီခေတ် သမိုင်း ဆရာများ ရေးသားသည့် မြန်မာနိုင်ငံသမိုင်း၊ ရခိုင်ပြည်နယ် သမိုင်းတွင်လည်း မတွေ့ရှိရကြောင်း များကို ဒေါက်တာမြင့်သိန်း (သမိုင်း သုတေသန ဦးစီးဌာန)မှ သုတေသနပြု တင်ပြခဲ့ပါတယ်။ ဒေါက်တာမြင့်သိန်း တင်ပြခဲ့တဲ့ အထက်ပါ အကြောင်း အရာများဟာ အကြမ်းဖျင်းဖြစ်ပြီးတော့ ဆက်စပ် လေ့လာစရာ လမ်းကြောင်းများစွာ ရှိနေ သေးကြောင်း မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်။  ...