ေျမာက္ဥကၠလာပ ဓါးခုတ္မႈ တရားခံမ်ားအား ရဲတပ္ဖြဲ႔မွ ဖမ္းဆီးႏိုင္ခဲ့v
၂၂_၉_၂၀၁၇ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာ ၂ ရပ္ကြက္ တံတားေလးဘူတာအနီးရွိ ဂႏၲာဝင္ ဆည္းဆာ လၻက္ရည္ဆုိင္တြင္ ဓါးခုတ္မွူ႕ျဖစ္ပြားခဲ႕ပါသည္။
စက္တင္ဘာ ၂၂ ရက္ေန႔ ည ၈နာရီ ၂၀မိနစ္အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၁)ရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္တစ္ဆိုင္တြင္ လူငယ္မ်ား ဓားလက္နက္မ်ား ကိုင္ေဆာင္ကာ ခိုက္ရန္ ျဖစ္ပြားလ်က္ ရွိေၾကာင္း ေျမာက္ဥကၠလာပ ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ား သတင္းရရွိ၍ သြားေရာက္ စစ္ေဆးခဲ့ပါသည္။
အဆိုပါျဖစ္စဥ္တြင္ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ေနသူမ်ား ျဖစ္သည့္ စန္း၀င္းေအာင္၊ (၂၈)ႏွစ္၊ မင္းသူ၊ (၂၂)ႏွစ္တို႔ႏွစ္ဦးအား ေဇယ်ေက်ာ္၊ (၂၂)ႏွစ္မွ အရိုးအသြား ၂၇ လက္မခန္႔ရွိ သံရိုးတပ္ဓားရွည္ျဖင့္ ၀င္ေရာက္၍ ထိုးခုတ္ခဲ့ၿပီး ေနမင္းထက္၊ (၁၄)ႏွစ္မွ ၀င္ေရာက္ လံုးေထြးသတ္ပုတ္ခဲ့ၾကသည္။
စန္း၀င္းေအာင္သည္ ရရွိသည့္ ဓားဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ လဲက်ေသဆံုးခဲ့ၿပီး မင္းသူတြင္ နဖူးျပတ္ရွ၊ ယာရင္အံုႏွင့္ ၀ဲလက္ဖ၀ါးပြန္းရွဒဏ္ရာ မ်ားရရွိခဲ့သျဖင့္ ေျမာက္ဥကၠလာပ ေဆးရံုတြင္ အတြင္းလူနာ (မစိုးရိမ္ရ) တင္ပို႔ ကုသခဲ့ရၿပီး ေျမာက္ဥကၠလာပ ၿမိဳ႕မရဲစခန္းမွ (ပ)၁၀၄၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ပါသည္။
အမႈမွ ျပစ္မႈ က်ဴးလြန္သူ ေဇယ်ေက်ာ္ႏွင့္ ေနမင္းထက္တို႔ ႏွစ္ဦးအား ည(၉း၃၀)နာရီ အခ်ိန္တြင္ ေျမာက္ဥကၠလာပ ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားက အခင္းျဖစ္ ေနရာအနီးမွ ဖမ္းဆီး ရမိခဲ့ပါသည္။
တရားခံမ်ားအား စစ္ေဆးခဲ့ရာ စက္တင္ဘာ (၂၀)ရက္ေန႔က ျပစ္မႈက်ဴးလြန္သူ ေနမင္းထက္အား ေသဆံုးသူ စန္း၀င္ေအာင္ မွ အႏိုင္က်င့္ ပါးရိုက္ခဲ့သျဖင့္ မေက်မနပ္ျဖစ္ကာ ျပစ္မႈက်ဴးလြန္ ခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္ခဲ့ပါသည္။
ထို႔ေၾကာင့္ ျပစ္မႈ က်ဴးလြန္သူမ်ားျဖစ္သည့္ ေဇယ်ေက်ာ္ႏွင့္ ေနမင္းထက္တို႔အား ဥပေဒႏွင့္အညီ အမႈျဖင့္ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
>>>>> U N I C O D E <<<<<
ရန်ကုန်၊ စက်တင်ဘာ ၂၃
၂၂_၉_၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ ၂ ရပ်ကွက် တံတားလေးဘူတာအနီးရှိ ဂန္တာဝင်ဆည်းဆာ လ္ဘက်ရည်ဆိုင်တွင် ဓါးခုတ်မှူ့ဖြစ်ပွားခဲ့ပါသည်။
စက်တင်ဘာ ၂၂ ရက်နေ့ ည ၈နာရီ ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လူငယ်များ ဓားလက်နက်များ ကိုင်ဆောင်ကာ ခိုက်ရန် ဖြစ်ပွားလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သတင်းရရှိ၍ သွားရောက် စစ်ဆေးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်တွင် မြောက်ဥက္ကလာပ မြို့နယ်နေသူများ ဖြစ်သည့် စန်းဝင်းအောင်၊ (၂၈)နှစ်၊ မင်းသူ၊ (၂၂)နှစ်တို့နှစ်ဦးအား ဇေယျကျော်၊ (၂၂)နှစ်မှ အရိုးအသွား ၂၇ လက်မခန့်ရှိ သံရိုးတပ်ဓားရှည်ဖြင့် ၀င်ရောက်၍ ထိုးခုတ်ခဲ့ပြီး နေမင်းထက်၊ (၁၄)နှစ်မှ ၀င်ရောက် လုံးထွေးသတ်ပုတ်ခဲ့ကြသည်။
စန်းဝင်းအောင်သည် ရရှိသည့် ဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ လဲကျသေဆုံးခဲ့ပြီး မင်းသူတွင် နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ၀ဲလက်ဖဝါးပွန်းရှဒဏ်ရာ များရရှိခဲ့သဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) တင်ပို့ ကုသခဲ့ရပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ)၁၀၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှု ကျူးလွန်သူ ဇေယျကျော်နှင့် နေမင်းထက်တို့ နှစ်ဦးအား ည(၉း၃၀)နာရီ အချိန်တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အခင်းဖြစ် နေရာအနီးမှ ဖမ်းဆီး ရမိခဲ့ပါသည်။
တရားခံများအား စစ်ဆေးခဲ့ရာ စက်တင်ဘာ (၂၀)ရက်နေ့က ပြစ်မှုကျူးလွန်သူ နေမင်းထက်အား သေဆုံးသူ စန်းဝင်အောင် မှ အနိုင်ကျင့် ပါးရိုက်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ထို့ကြောင့် ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ဇေယျကျော်နှင့် နေမင်းထက်တို့အား ဥပဒေနှင့်အညီ အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : Yangon Police
Comments