ဟိုတယ္ရွိ ေရခဲေသတၱာအတြင္း ေသဆံုးေနေသာ မိန္းကေလး၏ ေနာက္ဆံုးပံုရိပ္ CCTV မွတ္တမ္း



အေမရိကန္ႏုိင္ငံ အီလီႏိြဳက္ျပည္နယ္ ကြတ္ေကာင္တီ ႐ို႕စ္ေမာင့္တ္ရြာက The Crowne Plaza ဟုိတယ္မွာ မိန္းကေလးတဦး ေရခဲေသတၱာထဲ ေသဆုံးေနမႈ ျဖစ္ပြားခဲ့ပါတယ္။



ဗီြဒီယုိ႐ုပ္သံထဲမွာ အသက္ ၁၉ ႏွစ္အရြယ္ ေသဆံုးသူ ဆယ္ေက်ာ္သက္ ဂ်န္ကင္းစ္က စက္တင္ဘာ ၉ ရက္ေန႔ မနက္ ၃ နာရီ ၂၀ မိနစ္မွာ ဓာတ္ေလွကားက ထြက္လာကာ ဟုိတယ္စႀကၤတေလွ်ာက္ ခႏၶာကုိယ္မထိန္းႏုိင္ဘဲ ေလွ်ာက္သြားေနတာ ေတြ႔ရပါတယ္။

႐ုပ္သံမွာ သူမ ေရခဲေသတၱာထဲ ဝင္သြားတာကို မျမင္ရေပမယ့္ ႐ုပ္သံျမင္ကြင္းက သူမေပ်ာက္သြားတာဟာ ေရခဲေသတၱာထဲ ဝင္သြားတာလို႔ ရဲေတြက ယူဆေနၾကပါတယ္။


ဂ်န္ကင္းစ္ေပ်ာက္ဆံုးသြားတာကို စက္တင္ဘာလ ၉ ရက္ေန႔ ေန႔လယ္ ၁ နာရီမွာ ရဲေတြကုိ တရားဝင္အေၾကာင္းခဲ့တာျဖစ္ၿပီး သူမကို စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္အေစာႀကီး ၁ နာရီမွာ ေရခဲေသတၱာထဲ ေသဆံုးေနတာကို ေတြ႔ရွိတယ္လုိ႔ ဆုိပါတယ္။

စက္တင္ဘာလ ၉ ရက္ေန႔ မနက္ ၁ နာရီခြဲေလာက္မွာ သူမက အမထံ တက္စ္မက္ေဆ့ခ်္ ပို႔ခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။

မိန္းကေလးဂ်န္ကင္းစ္က မူးၿပီး သူမဘာသာ ေရခဲေသတၱာထဲ ဝင္သြားကာ အထဲမွာ ေသဆံုးသြားတယ္လုိ႔ ရဲေတြက ေျပာေၾကာင္း ေသဆံုးသူမိန္းကေလးရဲ႕မိခင္အေျပာအရ သိရပါတယ္။

မိခင္ျဖစ္သူက အကယ္၍ သူမသမီးက မူးေနမယ္ဆုိရင္ ေရခဲေသတၱာတံခါးကို ဖြင့္ဖုိ႔ ႀကိဳးစားမွာပဲလုိ႔ ရဲေတြရဲ႕ေျပာဆုိမႈကို ေမးခြန္းျပန္ထုတ္ထားပါတယ္။

“ေရခဲေသတၱာတံခါးက ၂ ထပ္ စတီးလ္တံခါးေတြေလ သူ အလြယ္တကူ ဖြင့္လို႔မရပါဘူး” လုိ႔ မိခင္ျဖစ္သူက ေျပာပါတယ္။



ဟိုတယ္ရွိ ေရခဲေသတၱာအတြင္း ေသဆံုးေနေသာ မိန္းကေလး၏ ေနာက္ဆံုးပံုရိပ္ CCTV မွတ္တမ္း




ခႏၶာကုိယ္ ခြဲစိတ္စစ္ေဆးၿပီးေပမယ့္ သူမေသဆံုးတာက ရာဇဝတ္မႈက်ဴးလြန္ခံရလုိ႔ ေသဆံုးတာလားဆုိတာကို ခုထိ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလုိ႔လည္း ဆုိပါတယ္။

ဒီျဖစ္ရပ္ကုိ ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ ဟုိတယ္က “က်ေနာ္တုိ႔ဟုိတယ္က က်ေနာ္တုိ႔ရဲ႕ ဧည့္သည္ေတြနဲ႔ ဝန္ထမ္းေတြရဲ႕ အသက္အႏၱရာယ္ကင္းရွင္းေရး လံုၿခံဳေရးနဲ႔ ေကာင္းမြန္စြာေနထုိင္ႏုိင္ေရးက က်ေနာ္တုိ႔ရဲ႕ ဦးစားေပးအရာျဖစ္လုိ႔ ဒါေတြကို အဓိက လက္ကိုင္ထားပါတယ္” လုိ႔ ေအဘီစီဆဲဗင္း ခ်ီကာဂုိ သတင္းဌာနကို ေျပာပါတယ္။

“ဒီသတင္းအတြက္ က်ေနာ္တုိ႔ အရမ္းစိတ္မေကာင္း ျဖစ္ရပါတယ္။ မိန္းကေလးနဲ႔ မိသားစုရဲ႕ ခက္ခဲတဲ့အခ်ိန္ေတြအတြက္လည္း က်ေနာ္တုိ႔က သူတုိ႔နဲ႔အတူတူပဲ ခံစားရပါတယ္။ ေဒသခံအာဏာပိုင္ေတြနဲ႔အတူ ဟုိတယ္ဝန္ထမ္းေတြက ဆက္ၿပီးအျပည့္အဝ လုပ္ေဆာင္သြားပါလိမ့္မယ္” လို႔ ဟုိတယ္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။

->-->---> U N I C O D E <---<--<-

ဟိုတယ်ရှိ ရေခဲသေတ္တာအတွင်း သေဆုံးနေသော မိန်းကလေး၏ နောက်ဆုံးပုံရိပ် CCTV မှတ်တမ်း

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ကွတ်ကောင်တီ ရို့စ်မောင့်တ်ရွာက The Crowne Plaza ဟိုတယ်မှာ မိန်းကလေးတဦး ရေခဲသေတ္တာထဲ သေဆုံးနေမှု ဖြစ်ပွားခဲ့ပါတယ်။

ဗွီဒီယိုရုပ်သံထဲမှာ အသက် ၁၉ နှစ်အရွယ် သေဆုံးသူ ဆယ်ကျော်သက် ဂျန်ကင်းစ်က စက်တင်ဘာ ၉ ရက်နေ့ မနက် ၃ နာရီ ၂၀ မိနစ်မှာ ဓာတ်လှေကားက ထွက်လာကာ ဟိုတယ်စင်္ကြတလျှောက် ခန္ဓာကိုယ်မထိန်းနိုင်ဘဲ လျှောက်သွားနေတာ တွေ့ရပါတယ်။

ရုပ်သံမှာ သူမ ရေခဲသေတ္တာထဲ ဝင်သွားတာကို မမြင်ရပေမယ့် ရုပ်သံမြင်ကွင်းက သူမပျောက်သွားတာဟာ ရေခဲသေတ္တာထဲ ဝင်သွားတာလို့ ရဲတွေက ယူဆနေကြပါတယ်။

ဂျန်ကင်းစ်ပျောက်ဆုံးသွားတာကို စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ရဲတွေကို တရားဝင်အကြောင်းခဲ့တာဖြစ်ပြီး သူမကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက်အစောကြီး ၁ နာရီမှာ ရေခဲသေတ္တာထဲ သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ သူမက အမထံ တက်စ်မက်ဆေ့ချ် ပို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

မိန်းကလေးဂျန်ကင်းစ်က မူးပြီး သူမဘာသာ ရေခဲသေတ္တာထဲ ဝင်သွားကာ အထဲမှာ သေဆုံးသွားတယ်လို့ ရဲတွေက ပြောကြောင်း သေဆုံးသူမိန်းကလေးရဲ့မိခင်အပြောအရ သိရပါတယ်။

မိခင်ဖြစ်သူက အကယ်၍ သူမသမီးက မူးနေမယ်ဆိုရင် ရေခဲသေတ္တာတံခါးကို ဖွင့်ဖို့ ကြိုးစားမှာပဲလို့ ရဲတွေရဲ့ပြောဆိုမှုကို မေးခွန်းပြန်ထုတ်ထားပါတယ်။

“ရေခဲသေတ္တာတံခါးက ၂ ထပ် စတီးလ်တံခါးတွေလေ သူ အလွယ်တကူ ဖွင့်လို့မရပါဘူး” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ခန္ဓာကိုယ် ခွဲစိတ်စစ်ဆေးပြီးပေမယ့် သူမသေဆုံးတာက ရာဇဝတ်မှုကျူးလွန်ခံရလို့ သေဆုံးတာလားဆိုတာကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဟိုတယ်က “ကျနော်တို့ဟိုတယ်က ကျနော်တို့ရဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကင်းရှင်းရေး လုံခြုံရေးနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ရေးက ကျနော်တို့ရဲ့ ဦးစားပေးအရာဖြစ်လို့ ဒါတွေကို အဓိက လက်ကိုင်ထားပါတယ်” လို့ အေဘီစီဆဲဗင်း ချီကာဂို သတင်းဌာနကို ပြောပါတယ်။

“ဒီသတင်းအတွက် ကျနော်တို့ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ မိန်းကလေးနဲ့ မိသားစုရဲ့ ခက်ခဲတဲ့အချိန်တွေအတွက်လည်း ကျနော်တို့က သူတို့နဲ့အတူတူပဲ ခံစားရပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့အတူ ဟိုတယ်ဝန်ထမ်းတွေက ဆက်ပြီးအပြည့်အဝ လုပ်ဆောင်သွားပါလိမ့်မယ်” လို့ ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

DVB

Comments

Popular posts from this blog

ခိုးဝင္ စစ္တေကာင္းဘဂၤလီမ်ား (သို႕မဟုတ္) ႐ိုဟင္ဂ်ာ လူမ်ိဳးတု ဖန္တီး ေတာင္းဆိုေန ၾကသူမ်ား၏ သမိုင္းလိမ္ အေထာက္အထား မ်ားအား ဆန္းစစ္ေလ့လာျခင္း

ေျမာက္ဥကၠလာပ ဓါးခုတ္မႈ တရားခံမ်ားအား ရဲတပ္ဖြဲ႔မွ ဖမ္းဆီးႏိုင္ခဲ့v

စင္ကာပူႏိုင္ငံ၏ ပထမဆုံး အမ်ိဳးသမီးသမၼတ ျဖစ္လာေတာ့မည့္ အစၥလာမ္ အမ်ိဳးသမီး