စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မည့် အစ္စလာမ် အမျိုးသမီး


       စင်ကာပူနိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲကို (၂၀၁၇)၊ စက်တင်ဘာ (၂၃)ရက်တွင် ကျင်းပရန် ရည်ရွယ်ထား သော်လည်း ယနေ့ ထုတ်ပြန်သော သမ္မတလောင်း အတွက် အရည်အချင်း ပြည့်မီသူ စာရင်းတွင် မစ္စ ဟာလီမာ ယကော့ တစ်ဦးသာ အရည်အချင်း ပြည့်မီသဖြင့် ရွေးကောက်ခံစရာ မလိုဘဲ သမ္မတ ဖြစ်လာ မည်ဟု သိရသည်။ သူဟာ စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာ ဖြစ်ပြီး နိုင်ငံ့သမိုင်း၏ (၈) ယောက်မြောက် သမ္မတ ဖြစ်လာမည်။ 



       မစ္စ ဟာလီမာ ယကော့ကို (၁၉၅၄)၊ သြဂုတ် (၂၃) ရက်နေ့တွင် ဖခင် အစ္စလာမ် ဘာသာဝင် အိန္ဒိယ လူမျိုးနှင့် မိခင် မလေးလူမျိုး တို့မှ စင်ကာပူတွင် မွေးဖွားခဲ့သည်။ လက်ရှိ အာဏာရပါတီ People's Action Party (PAP) အာဏာပိုင် အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ (၂၀၁၃)၊ ဇန်နဝါရီမှ (၂၀၁၇)၊ သြဂုတ်လ အထိ စင်ကာပူ လွှတ်တော်၏ (၉)ယောက်မြောက် Speaker of Parliament အဖြစ် လုပ်ခဲ့သည်။ သူသည် (၂၀၀၁) မှ (၂၀၁၅) အထိ စင်ကာပူ Jurong ဧရိယာ မဲဆန္ဒနယ်မှ ရွေးချယ် တင်မြောက် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သည်။
       (၂၀၁၅) မှ (၂၀၁၇) အထိ စင်ကာပူ Marsiling-Yew Tee ဧရိယာ မဲဆန္ဒနယ်မှ ရွေးချယ် တင်မြောက် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သည်။ (၂၀၁၇)၊ သြဂုတ်လတွင် Speaker of Parliament အဖြစ်မှ လည်းကောင်း၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ PAP အဖွဲ့ဝင် အဖြစ်မှ လည်းကောင်း နှုတ်ထွက်ခဲ့ပြီး သမ္မတ ရွေးကောက်ပွဲ ဝင်ခြင်းဖြစ်သည်။



       (၂၀၁၇)၊ သြဂုတ်လ (၁၃) ရက်နေ့တွင် သမ္မတခန့်ထားရန် သမ္မတလောင်းအမည် အဆိုပြုချက် ပြုလုပ်ပြီး မကြာခင် နေ့ခင်းပိုင်းမှာပဲ မစ္စဟာလီမာယကော့ကို စင်ကာပူ၏ (၈) မြောက် သမ္မတအဖြစ် တရားဝင် ကြေငြာ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
       ငယ်စဉ် ဘဝတွင် Singapore Chinese Girls' School နှင့် Tanjong Katong Girls' School တို့တွင် ပညာသင်ယူခဲ့သည်။ University of Singapore မှ LLB (Hons) ဘွဲ့ကို (၁၉၇၈) ခုနှစ်တွင် ရရှိခဲ့သည်။ National University of Singapore မှ LLM ဘွဲ့ကို (၂၀၀၁) ခုနှစ်တွင် ရရှိခဲ့သည်။ National University of Singapore မှ ပေးအပ်ချီးမြှင့်သော Doctor of Laws ဂုဏ်ထူးဆောင်ဘွဲ့ကို (၂၀၁၆) ဇူလိုင် (၇) ရက်နေ့တွင် ရရှိခဲ့သည်။
စလုံး Page မှ ကူးယူပါသည်။

Comments

Popular posts from this blog

ခိုးဝင် စစ်တကောင်းဘင်္ဂလီများ (သို့မဟုတ်) ရိုဟင်ဂျာ လူမျိုးတု ဖန်တီး တောင်းဆိုနေ ကြသူများ၏ သမိုင်းလိမ် အထောက်အထား များအား ဆန်းစစ်လေ့လာခြင်း

မြောက်ဥက္ကလာပ ဓါးခုတ်မှု တရားခံများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့v