ခိုးဝင် စစ်တကောင်းဘင်္ဂလီများ (သို့မဟုတ်) ရိုဟင်ဂျာ လူမျိုးတု ဖန်တီး တောင်းဆိုနေ ကြသူများ၏ သမိုင်းလိမ် အထောက်အထား များအား ဆန်းစစ်လေ့လာခြင်း
“ရိုဟင်ဂျာ” ဟူသောဝေါဟာရကို ဘင်္ဂလီမွတ်စလင်တို့ စတင်သုံးစွဲ ခဲ့သည်မှာ ၁၉၄၇ ခုနှစ်တွင် ဖြစ်ကြောင်း၊ ရခိုင်တို့အနေဖြင့် ပြည်နယ် တောင်းဆိုမှု မြင့်မားလာချိန်တွင် ဘင်္ဂလီ တို့ကလည်း တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆို လာကြကြောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် “ရိုဟင်ဂျာနှင့် ကမန် လူမျိုးစုများ” စာအုပ်ကို မြစ်ကြီးနားမြို့ ရိုဟင်ဂျာ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့မှ ပုံနှိပ် ထုတ်ဝေကြောင်း၊ ဆောင်းပါးဆရာ မောင်သံလွင် ဆိုသူကလည်း ရိုဟင်ဂျာလူမျိုးများ အကြောင်းကို မြဝတီ မဂ္ဂဇင်းတွင် ရေးသားကာ တိုင်းရင်းသားအဖြစ် လမ်းကြောင်း ပြခဲ့ကြောင်း၊ အင်္ဂလိပ်တို့ ရခိုင် ပြည်နယ်ကိုသိမ်းပိုက်စဉ် အချိန်အထိ ရိုဟင်ဂျာဟူသော ဝေါဟာရ မပေါ်သေးဘဲ ကိုလိုနီခေတ် သမိုင်း ဆရာများ ရေးသားသည့် မြန်မာနိုင်ငံသမိုင်း၊ ရခိုင်ပြည်နယ် သမိုင်းတွင်လည်း မတွေ့ရှိရကြောင်း များကို ဒေါက်တာမြင့်သိန်း (သမိုင်း သုတေသန ဦးစီးဌာန)မှ သုတေသနပြု တင်ပြခဲ့ပါတယ်။ ဒေါက်တာမြင့်သိန်း တင်ပြခဲ့တဲ့ အထက်ပါ အကြောင်း အရာများဟာ အကြမ်းဖျင်းဖြစ်ပြီးတော့ ဆက်စပ် လေ့လာစရာ လမ်းကြောင်းများစွာ ရှိနေ သေးကြောင်း မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်အဆက်ဆက် ရခိုင်ပြည်နယ် အစီရင်ခံစာများ၊ အင်္ဂလိပ် အရေးပိုင်မင်းတို့ မှတ်တမ်းများ၊ မျိုးချစ်ခေါင်းဆောင် မှတ်တမ်းများနဲ့ သမိုင်း သုတေသန ပညာရှင်တို့ရဲ့ သုတေသန စာတမ်းများထဲမှ “ရိုဟင်ဂျာ” ဟူသောလူမျိုးတု အကြောင်းကို အောက်ပါအတိုင်း အနှစ်ချုပ်တင်ပြ လိုက်ရပါတယ်။
ဘင်္ဂလီမွတ် စလင်တို့သည် မြန်မာနိုင်ငံအတွင်းသို့ ကိုလိုနီခေတ်တွင် အလုံးအရင်းဖြင့် ဝင်ရောက် လာကြပြီး ကိုလိုနီခေတ်အတွင်း အင်္ဂလိပ် အာဏာပိုင်တို့၏ အကူအညီ အထောက်အပံ့ဖြင့် မွတ်စလင် ခရိုနီ/မြေပိုင်ရှင်၊ လုပ်ငန်းပိုင်ရှင်များ ဖြစ်အောင် ကြိုးပမ်း အားထုတ် ခဲ့ကြသည်။
ဘင်္ဂလီမွတ်စလင်များ အလုံးအရင်းဖြင့် ဝင်ရောက် လာသည့် ကာလသည် ၁၈၃၉-ခုနှစ် ဖြစ်ပြီး တိုးချဲ့ လယ်ယာမြေများ လုပ်ကိုင်ရန်အတွက် စစ်တကောင်း အရပ်မှ ဘင်္ဂလီများနှင့် မဒရပ်မှ ဆူရ်တီများ ဝင်ရောက်လာခြင်း ဖြစ်သည်။
၁၈၇၂-ခုနှစ် သန်းခေါင် စာရင်းအရ စစ်တွေခရိုင် အတွင်း မွတ်စလင် ဦးရေ (၅၈၂၃၅)ဦး ရှိရာမှ ၁၉၀၁-ခုနှစ် သန်းခေါင်စာရင်း အရ (၁၇၈၆၄၂)ဦးရေ ရှိလာသည်။ ပြည်သူ့ ကျန်းမာရေးဝန်၏ (၁၉၃၀-၃၁) အစီရင်ခံစာတွင် သာမာန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းသား ကူလီပေါင်း (၄၀၀၀၀) ကျော် ဝင်လေ့ရှိကြောင်း သိရသည်။ (၁၉၃၁) သန်းခေါင်စာရင်းအရ စစ်တွေခရိုင်အတွင်း နေထိုင်သော အိန္ဒိယသား ယောင်္ကျားပေါင်း (၂၅၀၀၀၀)ကျော် ရှိကြောင်း သိရသည်။ စစ်တွေခရိုင်တွင် နေထိုင်သော အိန္ဒိယသားများ အနက် ၈၈ ရာခိုင်နှုန်းမှာ စစ်တကောင်း ဘင်္ဂလီကုလားများ ဖြစ်သည်။
ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ၎င်းဘင်္ဂလီ မွတ်စလင် ကုလားများ၏ နိုင်ငံရေး ရန်လိုမှုကြောင့် ရခိုင်ပြည်နယ် အတွင်းမှ တဖြည်းဖြည်း အင်အား ယုတ်လျော့လာကာ လွတ်လပ်ရေး မရခင်ကာလနှင့် လွတ်လပ်ရေးခေတ်ဦး အချိန်အထိ ရခိုင်ပြည်နယ်ကို ပါကစ္စတန် နိုင်ငံဟုပင် ဘင်္ဂလီ မွတ်စလင်ကုလားတို့က ကြွေးကြော်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ဦး ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်တို့ လက်နက်တပ်ဆင် ပေးခဲ့သောကြောင့် အင်္ဂလိပ် စစ်တပ်ထဲမှ ဘင်္ဂလီ မွတ်စလင်ကုလားများ၊ အိန္ဒိယ မွတ်စလင် ကုလားများသည် ရခိုင်ဒေသတွင်း ရှိနှင့်ပြီးဖြစ်သည့် ဘင်္ဂလီ မွတ်စလင် ကုလားများနှင့် ပူးပေါင်းကာ ရခိုင် တိုင်းရင်းသားများအား ဂျီဟဒ်စစ်ပွဲ ဆင်နွှဲ၍ လယ်ယာမြေများနှင့် တိုင်းရင်းသားတို့ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို သိမ်းယူခဲ့သည်။
၎င်း သိမ်းယူထားသော လယ်ယာမြေများနှင့် ရခိုင်ပြည်အတွင်း သယံဇာတ များသည် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် မူဂျာဟစ် သူပုန်များ၏ အဓိက ရံပုံငွေဖြစ်ခဲ့ပြီး၊ ပါကစ္စတန် နိုင်ငံအစိုးရ ကလည်း မူဂျာဟစ်တို့ကို အဓိက ထောက်ပံ့ခဲ့သည်။ ထို မူဂျာဟစ် သူပုန်အဖွဲ့ စတင်ဖွဲ့စည်း သည့် ကာလအထိ “ရိုဟင်ဂျာ” ဟူသော ဝေါဟာရ မပေါ်ပေါက်သေးပေ။
၁၉၄၇ ခုနှစ် (Jami-tul Ulema-e) အသင်းမှ ခေါင်းဆောင်ပြီး စီတန်း လှည့်လည်ရာတွင် ပါကစ္စတန် အဓွန့် ရှည်ပါစေ ဟု ကြွေးကြော် ခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနု တွေ့ကြုံခဲ့ရသည့် နိုင်ငံရေး အကြပ်အတည်း များသည် ရခိုင်ဒေသတွင်းနှင့် ရန်ကုန်အခြေစိုက် ဘင်္ဂလီ မွတ်စလင်များ၏ အသုံးချရာ ပင်မ အခွင့်အရေး ဖြစ်ခဲ့ရသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် မြေပုံမြို့နယ်၌ ကျင်းပသည့် ရခိုင် အမျိုးသား ညီလာခံတွင် ရခိုင်သားတို့၏ သဘောထား တင်းမာမှုကြောင့် ထောက်ခံမဲ မရသော ဖဆပလသည် အကြပ်အတည်း တွေ့ခဲ့ရာ ဦးနုက မွတ်စလင် အများစု၏ ထောက်ခံမဲရအောင် ဆောင်ရွက်ခဲ့ သဖြင့် မြန်မာ့နိုင်ငံရေးအတွင်း ဘင်္ဂလီ မွတ်စလင်များ၏ အရှုပ်အထွေးများ စတင် ပေါ်ပေါက်ခဲ့သည်။
ဖဆပလ မဲအနိုင် ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးဧမောင်(ခ) အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂလီများကို ခေါ်သွင်းလာသည်။ ဘူးသီးတောင်တွင် အဘူခိုင်ဆိုသူက ဖဆပလ ဥက္ကဌ၊ လဝကတို့နှင့် ပေါင်းကာ အိမ်ထောင်စု စာရင်းများလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂလီများကို ခေါ်သွင်းလာရာ ရွာပေါင်း (၄၀)ကျော်ခန့် တမဟုတ်ချင်း ရောက်ရှိလာသည်။ ထိုသို့သော လုပ်ဆောင်ချက် အမှားများသည် နိုင်ငံ အတွက် ယနေ့တိုင် နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။
၁၉၅၁ ခုနှစ်၊ ဇွန်လတွင် အစိုးရ၏ နိုင်ငံရေး အကြပ်အတည်းကို အခွင့် ကောင်းယူကာ ဘင်္ဂလီ မွတ်စလင်များသည် မောင်တောမြို့နယ်ရှိ အလယ် သံကျော်ရွာတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ကို အစ္စလာမ် ဘာသာ ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် အချက် (၂၄)ချက်ကို ဗဟိုအစိုးရသို့ တင်ပြ တောင်းဆိုခဲ့သည်။ ၎င်းတောင်းဆိုချက်ကို ဗဟိုအစိုးရ ပယ်ချခဲ့သည့် နောက်တွင် “ရိုဟင်ဂျာ” လူမျိုးတုကို တီထွင်ကာ ၁၉၅၁ ခုနှစ်၊ သြဂုတ်လတွင် စတင်အသုံးပြု၍ တိုင်းရင်းသား အဖြစ် တောင်းဆိုခဲ့သည်။
ဘင်္ဂလီများကို ရိုဟင်ဂျာ လူမျိုးအဖြစ် ပုံဖော်ရန် အဓိက ကြိုးပမ်းခဲ့ကြ သူများမှာ မွတ်စလင် ပညာတတ်များ ဖြစ်သည့် M.A Tiralias Ba Tha ၊ မောင်သံလွင်နှင့် မောင်တော ပါလီမန်အမတ် အဘဒူဂါဖိစ်တို့ ဖြစ်ကြသည်။ ၎င်းတို့ကို နောက်ကွယ်မှ ပံ့ပိုးသူများမှာ ရန်ကုန်အခြေစိုက် ဗမာမွတ်စလင် အစည်းအရုံး ဖြစ်ကြောင်း အလယ်သံကျော် အစီရင်ခံစာ လက်နှိပ်စက်မူတွင် အတိအလင်း ဖော်ပြထားသည်။
မောင်တော ပါလီမန်အမတ် အဘဒူဂါဖိစ်သည် ၁၉၆၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲ တစ်ခုပြုလုပ်ကာ ရခိုင်-ပထန်-အာရပ် သွေးနှောများသည် ရိုဟင်ဂျာ လူမျိုးဖြစ်ကြောင်း၊ ရခိုင်-ဘင်္ဂလီ-အူရဒူ-ပါရှန်-အာရ်ဗီ စကားများကို ရောနှောရာမှ ရိုဟင်ဂျာ ဘာသာစကား ဖြစ်လာကြောင်း စတင် ဝါဒဖြန့်ခဲ့သည်။
အမှန်တကယ်အားဖြင့် ၎င်းတို့၏ စကားများသည် ဘင်္ဂလီ စကားများသာ ဖြစ်သည်။ ၎င်းတို့ပြောသော စကားသည် စစ်တကောင်း အောက်ပိုင်းမှ ပြောသော စကားဖြစ်သည်။ ဘင်္ဂေါတွင် စစ်တကောင်း အထက်ပိုင်း စကားနှင့် အောက်ပိုင်း စကားဟူ၍ စကားနှစ်မျိုး ရှိသည်။ စကားနှစ်မျိုးသည် အနည်းငယ် ကွဲသည်။ စစ်တကောင်း အထက်ပိုင်း သုံးသည့် စကားသည် ယခုအခါ တွင်ကျယ် နေရာယူလာပြီး ဇတ်မြင့်တို့သုံးသော စကားဖြစ်လာရာ အောက်ပိုင်းသုံး စကားသည် ဘင်္ဂေါတွင် အသုံးအလွန် နည်းသော စကားဖြစ် လာသည်။ ထိုစကားကိုပင် ရိုဟင်ဂျာ ဘာသာစကားဟူ၍ သတ်မှတ်ခြင်း ဖြစ်ပါသည်။
၎င်း ပါလီမန်အမတ် ဘင်္ဂလီမွတ်စလင်လူမျိုး အဘဒူဂါဖိစ်သည် ၁၉၆၀ ခုနှစ်တွင် လက်နက်ချခဲ့သည့် မူဂျာဟစ် လက်နက်ချ အခမ်းအနားတွင် ထိုစဉ်က ဒုတိယဗိုလ်မှူးချုပ် အောင်ကြီး ပြောကြားမည့် မိန့်ခွန်း၌ ရခိုင် ဒေသတွင်း ဒေသခံ တိုင်းရင်းသားများ နေရာတွင် “ရိုဟင်ဂျာ”လူမျိုးများ ထည့်သွင်း ပြောကြားရန် ဖိအားပေး တောင်းဆိုခဲ့သဖြင့် ရိုဟင်ဂျာဝေါဟာ ရကို နားမလည်သော ဒုတိယဗိုလ်မှူးချုပ်အောင်ကြီးမှ ပေါ့ပေါ့ဆဆ သုံးစွဲခဲ့ရာ နောင်တွင် မှတ်တမ်းတစ်ခုအဖြစ် မွတ်စလင် နိုင်ငံရေးသမား တို့က ဝါဒဖြန့် အသုံးချခဲ့သည်။
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြေညာပြီးချိန်တွင် မွတ်စလင် တို့ကလည်း မယူခရိုင် နယ်ခြားဒေသကို ရိုဟင်ဂျာ မွတ်စလင်ပြည်နယ် အဖြစ် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ဗဟိုအစိုးရမှ ငြင်းပယ်ခဲ့သည့် အခါတွင် ဘင်္ဂလီ ပညာတတ်များနှင့် မွတ်စလင် အမတ်များ ပူးပေါင်းကာ ရိုဟင်ဂျာ လူမျိုးသည် တိုင်းရင်းသားဖြစ်ကြောင်း ပိုမို ဝါဒဖြန့်ခဲ့ကြသည်။
၁၉၆၀ ခုနှစ် မဲဆွယ်ကာလတွင် ဦးနု(သန့်ရှင်း)နှင့် ဦးဘဆွေ(တည်မြဲ) တို့သည် ရိုဟင်ဂျာ ဆိုသည့် အနက် အဓိပ္ပါယ်ကို မစဉ်းစားဘဲ ဘင်္ဂလီများက ၎င်းတို့မိမိကိုယ်မိမိ ရည်ညွှန်း ဝါဒဖြန့်သည့် ရိုဟင်ဂျာဟူသော ဝေါဟာရကို မကြာခဏ သုံးစွဲခဲ့သည်က နောင်တွင် အရှုပ်အရှင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။*
၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရခဲ့သော ဦးနုသည် မိမိကိုအားပေး ထောက်ခံခဲ့သည့် စစ်တကောင်း ဘင်္ဂလီများကို ကျေးဇူးဆပ်သည့် အနေဖြင့် ၁၉၆၁ ခုနှစ် နှစ်လည်ပိုင်းတွင် မြန်မာ့အသံ၌ အင်္ဂလိပ်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ ရိုဟင်ဂျာဘာသာ ဟူ၍ အသံလွှင့်ခွင့်ပြုခဲ့သည်။
ထိုအသံလွှင့် ခွင့်ပြုချက်သည် အင်္ဂလိပ်ဘာသာ၊ ဟိန္ဒူဘာသာ တို့နည်းတူ နိုင်ငံခြား ဘာသာဟု အဓိပ္ပါယ် သက်ရောက်စေသော်လည်း နောင်တွင် မွတ်စလင် နိုင်ငံရေးသမားများက အဓိပ္ပါယ်တမျိုး ဖွင့်ဆိုခဲ့ကြသည်။
ပါလီမန်အမတ် ဦးရာရှစ် ဦးဆောင်သော ဗမာမွတ်စလင် အဖွဲ့သည် ရန်ကုန်တက္ကသိုလ် အတွင်း ဓမ္မာရုံရှိသဖြင့် မွတ်စလင်ကျောင်းသားများ ဝတ်ပြု ဆုတောင်းနိုင်ရန် ဗလီဆောက်လုပ်ခွင့် တောင်းဆိုခဲ့သည်။ ဦးရာရှစ်သည် ရန်ကုန်အခြေစိုက် မွတ်စလင် အဖွဲ့အစည်းများ ဖြစ်သည့် ရိုဟင်ဂျာ မွတ်စလင်အဖွဲ့၊ ရခိုင်မွတ်စလင် အဖွဲ့တို့ကိုလည်း ထောက်ပံ့ ထားကာ ပုဂ္ဂလိကပိုင် ပညာရေး လောကတွင် ရိုဟင်ဂျာလူမျိုး အမည်ကို တိတ်တဆိတ် ထည့်သွင်းခဲ့သည်။ ရိုဟင်ဂျာလူမျိုး တို့သည် တိုင်းရင်းသား များဖြစ်ကြောင်း ဇောင်းပေးရေးသားရန် စာပေလောကတွင် တာဝန်ယူ ခဲ့သည်မှာ ဦးရာရှစ်ပင် ဖြစ်သည်။
ထိုသို့ ဘင်္ဂလီမွတ်စလင်များ၏ ဖိအားပေး တောင်းဆိုမှုများနှင့် နိုင်ငံရေး အကြပ်အတည်း မျိုးစုံ ကြုံတွေ့ နေရသော ဦးနုသည် မည်သို့မှ နည်းလမ်း မကြံဆ နိုင်တော့သည့်အခါ ဗိုလ်ချုပ်ကြီး ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ တပ်မတော်မှ အာဏာ သိမ်းပြီးသည့် နောက်တွင် “ရိုဟင်ဂျာ” အမည်သုံးစွဲမှုသည် နိုင်ငံရေး လောကမှ ပျောက်ကွယ်သွားခဲ့ပြီး မြန်မာ့အသံမှလည်း ဟိန္ဒူဘာသာနှင့် ရိုဟင်ဂျာဘာသာ အစီအစဉ်များ အဆုံးသတ်သွားကာ မြန်မာ၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားဘာသာ စကားများကို အမျိုးသားဘာသာ စကားအဖြစ် တိုးချဲ့ ထုတ်လွှင့်ခဲ့သည်။
တော်လှန်ရေး ကောင်စီဥက္ကဌသည် ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်မှ (၁၉)ရက်အထိ ပါကစ္စတန်သို့ သွားရောက် လည်ပတ်ရာတွင် အရှေ့ ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်ခြား ပြဿနာနှင့် အရှေ့ပါကစ္စတန်မှ မြန်မာနိုင်ငံသို့ ခိုးဝင်လာသော တရားမဝင် ဘင်္ဂလီ (၂၅၀၀၀၀)နှင့်ပက် သက်၍ ဆွေးနွေးခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲကြီးတွင် ထွက်ပြေးကြသော ဘင်္ဂလီ စစ်ပြေးဒုက္ခသည် များသည် အိန္ဒိယနိုင်ငံ အတွင်းသို့ (၁၀)သန်း နှင့် မြန်မာနိုင်ငံ အတွင်းသို့ (၁.၅)သန်းခန့် ရှိခဲ့သည်ဟု BBC ကဖော်ပြခဲ့သည်။*
ထိုဒုက္ခသည်များသည် မြန်မာနိုင်ငံအတွင်း ရောက်ရှိပြီးသော ဘင်္ဂလီများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ရောက်နှင့်ပြီးသော သူများ၏ အကူအညီဖြင့် မဆုံးနိုင်သော ဘင်္ဂလီမွတ်စလင် များဝင်ရောက်လာကြပြီး ရိုဟင်ဂျာ အမည်ခံသူများ အံ့မခန်း တိုးပွားလာသည်။*
ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာလှုပ်ရှားမှု ပြန်လည် ပေါ်ပေါက်ခဲ့သည်။ ရိုဟင်ဂျာ အမည်ခံသူများသည် တော်လှန်ရေး ကောင်စီအား မိမိတို့၏ လိုလားချက်များကို တင်ပြ တောင်းခံခဲ့ကြသည်။ လူနည်းစုလူမျိုး ရပိုင်ခွင့်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကို မွတ်စလင် ပြည်နယ်အဖြစ် တောင်းဆိုခဲ့ကြသည်။
ဘင်္ဂလီ ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကြပြီး “Arakan Rohingya Liberation Frint”ကို တည်ထောင်ကာ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေး ကြွေးကြော်ခဲ့ကြသည်။ တော်လှန်ရေး ကောင်စီက ၎င်းတို့တောင်းဆို သမျှကို ပယ်ချခဲ့သည်။ ထို့နောက် ၁၉၇၈ ခုနှစ်တိုင် ရိုဟင်ဂျာအမည်ကို မကြားရတော့ပေ။*
၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်တွင် နဂါးမင်း စစ်ဆင်ရေးဖြင့် လူဝင်မှုကြီးကြပ်ရေးကို ကြပ်မတ်ခဲ့သည်။ အဖမ်းမခံလိုသော ဘင်္ဂလီများသည် မိမိတို့ကိုယ်မိမိ ရိုဟင်ဂျာ များဟု သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်သို့ ပြေးဝင်ခိုလှုံကြသည်။ အစိုးရသည် ၎င်းဘင်္ဂလီများကို အိမ်နီးနားချင်းနိုင်ငံမှ မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ အတွင်းလာရောက် အခြေချ နေထိုင်သူများ ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ၎င်းအဖြစ်အပျက်သည် နောင်တွင် မြန်မာတို့ နစ်နာ၍ ဘင်္ဂလီတို့ ကောင်းစားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂလီများသည် မြန်မာမှတ်ပုံတင်များ ကိုင်ဆောင်ထားကြပြီး ၎င်းမှတ်ပုံတင်များမှာ ရခိုင် ပြည်နယ်ရှိ လ.ဝ.က ဝန်ထမ်းများ အဂတိလိုက်စား၍ ထုတ်ပေးထားခြင်း ဖြစ်ပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်သည့် အတုများဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့က မြန်မာအစိုးရအား ဖိအားပေးသောအခါ ရိုဟင်ဂျာ အမည်ခံများကို မြန်မာပြည်အတွင်း ပြည်လည်ဝင်ခွင့် ပြုခဲ့ရသည်။
ထို့ကြောင့် ဟသာင်္စီမံကိန်း အမည်ဖြင့် ၁၉၇၈ ၊ သြဂုတ်လ (၁)ရက်မှ ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်အထိ ၎င်းတို့ကို မြန်မာနိုင်ငံမှ ပြန်လည် လက်ခံခဲ့ရသည်။ ထွက်ပြေးသွားသော ဘင်္ဂလီအရေအတွက်ထက် (၂)ဆ မက များပြားကြောင်း မှတ်တမ်းတို့က ဆိုပါသည်။*
၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေး သွေးရောင်လွှမ်းသော ကာလ၌ ဘင်္ဂလီ မွတ်စလင်များ၏ မူလ အကြံအစည်ဖြစ်သော ရခိုင်တိုင်းရင်းသားတို့အား အပြတ်ရှင်း၍ တစ်ဖက်နိုင်ငံမှ ဘင်္ဂလီများဖြင့် အစားထိုးရန် စီစဉ်ဆောင် ရွက်ခဲ့ကြသည်။ ၁၉၈၈ ခု၊ မေလ (၁၃)ရက်နေ့တွင် မောင်တောရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ဘဒူမြာဦးဆောင်သော ဘင်္ဂလီမွတ်စလင် ၅သောင်းခန့်သည် မောင်တော အာဏာပိုင်များ မရှိသည်ကို အခွင့်အရေးယူကာ မောင်တော မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်တွင် မောင်တောမြို့ပြင်ရှိ ရခိုင်ရွာများ ဖျက်စီးခံခဲ့ရကာ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီး ခဲ့သည်။ မောင်တောမြို့ခံ ရခိုင်တိုင်းရင်းသားများ၊ လုံထိန်းနှင့် ရဲတပ်ဖွဲ့ တို့မှ အပြင်းအထန် ခုခံသဖြင့် ဘင်္ဂလီ မွတ်စလင်တို့၏ ရည်ရယ်ချက်ပျက် ခဲ့ရသည်။*
တပ်မတော်အစိုးရ အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာအမည် ဝါဒဖြန့် မှုသည်လည်း အနည်းငယ် ငြိမ်သက်ခဲ့သည်။ ခေတ်သစ် ဝါဒဖြန့်နည်းအဖြစ် ပြည်ပနေ မွတ်စလင် ခေတ်ပညာတတ် အချို့သည် မွတ်စလင် နိုင်ငံများ၏ ထောက်ပံ့မှုကို ယူကာ ရိုဟင်ဂျာအမည်ကို လူသိများအောင် ဆောင်ရွက် ခဲ့ကြသည်။ Wedsite ထောင်ခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လာသည်။ အင်တာနက်တွင် လေ့လာကြည့်သည့်အခါ ရိုဟင်ဂျာဝဘ်ဆိုက်များ အများအပြား တွေ့ရပြီး ၎င်းတို့၏ စာမျက်နှာ များတွင် (Rohingya Language & Rohingya Culture) စသည်တို့ ထည့်သွင်း ထားသည့်အပြင် ရိုဟင်ဂျာ ဘာသာစကား သင်နည်းကိုပါ ထည့်သွင်းထား ကြသည်။ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုရန် အကွက်ကျကျ စီစဉ်ဆောင်ရွက် ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေး အလှည့် အပြောင်းတိုင်းတွင် ဘင်္ဂလီမွတ်စလင်တို့ အနေဖြင့် အစ္စလာမ်ဘာသာ ပျံ့ပွားရေးနှင့် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွား အတွက် အပူ/အအေး နည်းလမ်းမျိုးစုံဖြင့် ကျင့်သုံး ဆောင်ရွက်ခဲ့ကြကြောင်း လေ့လာသိရှိ ရသည်။
နိဂုံးချုပ်တင်ပြရလျှင်- *“ရိုဟင်ဂျာ” ဟူသော ဝေါဟာရကို ၎င်းဘင်္ဂလီ မွတ်စလင်တို့ စတင်ဖန်တီး ခဲ့သည့် ၁၉၅၁ ခုနှစ်တွင်မှ စတင် သိရှိခဲ့ရပြီး ၎င်း “ရိုဟင်ဂျာ”ဟူသော ဝေါဟာရကို မြန်မာနိုင်ငံသမိုင်းနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်းတို့တွင် ထိုကာလထက်စောစွာ မတွေ့ရှိရပေ။ ထို့ပြင် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန အထောက်အထား တို့အရ မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ် အတွင်း အဆိုပါ ရိုဟင်ဂျာ အမည်ခံသူများ၏ ယဉ်ကျေးမှု အထောက်အထား၊ စာပေ အထောက်အထား၊ အခြေချ နေထိုင်မှု အထောက်အထား စသည့် သမိုင်းဝင် အထောက်အထားများ လုံးဝရှိမနေပါ။
မြန်မာပြည်တွင်း အတူနေ တိုင်းရင်းသား အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ တောင်တန်းဒေသတချို့၌ ခရစ်ယာန်ဘာသာဝင် အနည်းစုနှင့် ရိုးရာ နတ်ကိုးကွယ်မှုများ ရှိပြီး အစ္စလာမ် ဘာသာဝင် မွတ်စလင် ရိုဟင်ဂျာ ဆိုသူများ လုံးဝရှိမနေပါ။
ဘီစီ ၅ရာစုမှ အေဒီ ၁၉ ရာစုခန့်အထိ မြန်မာနိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာ အမည်ခံသူများ ရှိမနေပါ။
ပြည်မဒေသ မြန်မာနိုင်ငံတဝှမ်းနှင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဒေသ ရခိုင်ပြည်နယ်တို့ အတွင်း တွေ့ရှိရသည့် တိုင်းရင်းကျောက်စာ စုစုပေါင်း (၂၀၀၀)ကျော်တွင်လည်း လူမျိုးစုများ မှတ်တမ်း တင်ထားရာ၌ “ရိုဟင်ဂျာ” ဟူသော လူမျိုးတုအမည် လုံးဝမပါရှိပါ။
မြန်မာ့ရှေးဟောင်း ရာဇဝင်များတွင် ဖော်ပြထားသော လူမျိုး(၁၀၁)ပါး စာရင်းတွင်လည်း ရိုဟင်ဂျာဆိုသူများနှင့် ဘင်္ဂလီမွတ်စလင်များ လုံးဝ မပါရှိပါ။
အင်္ဂလိပ် ကိုလိုနီလက်ထက် စစ်ဆေးကောက်ယူခဲ့သော စစ်တမ်းများ၊ အရေးပိုင်မင်း မှတ်တမ်းများနှင့် ရခိုင်ဒေသတွင်း အစီရင်ခံစာ များတွင်လည်း ရိုဟင်ဂျာ လူမျိုးအမည် လုံးဝမပါရှိပါ။
၎င်း ရိုဟင်ဂျာ အမည်ခံထား ကြသူများသည် ခိုးဝင် ဘင်္ဂလီများသာ ဖြစ်ကြောင်းကို ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘင်္ဂလားသံအမတ် K.N.Kanser ဆိုသူက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗြိတိသျှသံအမတ် Mr.T.J O'Brien အား ၁၉၇၅ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မိမိတို့၏ ဘင်္ဂလားနိုင်ငံသား အရေအတွက်မှာ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိကြောင်း ပြောဆိုမှုအား ဗြိတိသျှသံအမတ်မှ မှတ်တမ်းတင် ထားခဲ့ပါသည်။ ထိုမှတ်တမ်းကို ယနေ့တိုင် လန်ဒန်မြို့ရှိ မော်ကွန်းတိုက်တွင် သွားရောက် လေ့လာနိုင်ပါသည်။
ထို့ကြောင့် *အချိန်တန်လျှင် အိမ်ပြန်ကြရမည်* ဟူသော မြန်မာ့ဆိုရိုး စကားအတိုင်း ရိုဟင်ဂျာ အမည်ခံထားကြသည့် ခိုးဝင်ဘင်္ဂလီ မွတ်စလင်များကို မိမိတို့နေရပ် ဘင်္ဂလားဒေ့ရှ်သို့ လည်းကောင်း၊ ၎င်းတို့အား လက်သင့်ခံမည့် မျိုးတူ/မျိုးမတူသော တတိယနိုင်ငံများ သို့လည်းကောင်း အချိန်မဆိုင်းဘဲ ပြန်လည် ပို့ဆောင်သင့်ပါကြောင်း လက်ရှိအာဏာရ အစိုးရလူကြီးမင်းများသို့ တိုက်တွန်းတောင်းဆို လိုက်ရပါသည်။
(မိတ်ဆွေအများလေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ။)
Thant Lwin Oo Via
Credit : Phoekhaung (နွယ်ချို ဖိုးခေါင် ရိုးမတောင်)
Comments