အေမရိကန္ လပ္စ္ဗီးဂတ္မွ ဂီတေဖ်ာ္ေျဖပြဲတြင္ ေသနတ္ပစ္ခတ္မႈ (ထိတ္လန္႔ဖြယ္ရုပ္သံ)
အေမရိကန္ႏိုင္ငံ လပ္စ္ဗီးဂတ္စ္ၿမိဳ႕တြင္ ေအာက္တိုဘာ (၁)ရက္ ေန႔က ျပဳလုပ္ခဲ့ေသာ ေက်းလက္ဂီတ ေဖ်ာ္ေျဖပြဲ တစ္ခု၌ ေသနတ္သမား တစ္ဦး၏ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ (၅၈)ဦး ရွိခဲ့ၿပီး ဒဏ္ရာရသူ (၅၀၀) ေက်ာ္ ရွိခဲ့သည္ဟု ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့သည္။
ေသနတ္သမားတစ္ဦးသည္ ကာစီႏိုရွိေသာ Mandalay Bay ဟိုတယ္၏ (၃၂)ထပ္ မွေန၍ ကပ္ရပ္၌ ျပဳလုပ္ေနသည့္ ဂီတေဖ်ာ္ေျဖပြဲသို႔ ေသနတ္ျဖင့္ လွမ္း၍ ပစ္ခတ္ေနသည္ဟု သတင္းရရွိ ခဲ့ၿပီးေနာက္ ရဲမ်ားေရာက္လာၾကၿပီး ဟိုတယ္၏ ထို (၃၂)ထပ္မွာပင္ ေသနတ္သမားကို အေသဖမ္းမိ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေသနတ္သမားသည္ ေဒသခံ တစ္ဦးျဖစ္သည္ဟု ရဲမ်ားကဆိုသည္။
ေဒသစံေတာ္ခ်ိန္ ည(၁၀) နာရီေက်ာ္ အခ်ိန္တြင္ ေဖ်ာ္ေျဖပြဲထဲ၌ ေမာင္းျပန္ေသနတ္သံကို စတင္၍ ဆက္တိုက္ၾကားခဲ့ရၿပီးေနာက္ ပြဲလာပရိတ္သတ္မ်ားသည္ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ထြက္ေျပးၾကသည္ကို စမတ္ဖုန္းမ်ားျဖင့္ ႐ိုက္ကူးထားသည့္ ဗီဒီယိုမ်ားထဲတြင္ ေတြ႕ရသည္။
“လူ (၅၈)ဦးဟာ ေနရာမွာတင္ ေသဆံုးခဲ့ၿပီး ဒဏ္ရာရသူကေတာ့ (၅၀၀) ထက္မနည္း ရွိခဲ့ပါတယ္” ။ “စံုစမ္းမႈေတြကေတာ့ ျပဳလုပ္ေနတုန္းပါပဲ။ ဒါေပမဲ့ စိတ္သက္သာစရာက တိုက္ခိုက္သူကို သုတ္သင္ႏိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ အႏၲရာယ္မရွိေတာ့ပါဘူး” ဟု လပ္စ္ဗီးဂတ္ၿမိဳ႕ ရဲတပ္ဖြဲ႕မွ ၿငိမ္၀ပ္ပိျပားေရးအရာရွိ ဂ်ဳိဆပ္လြန္ဘာဒိုက နံနက္ပိုင္းတြင္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ သို႔ေသာ္ ေသနတ္သမားတြင္ အေဖာ္အမ်ဳိးသမီးတစ္ဦးရွိခဲ့ၿပီး ရဲမ်ားက ထိုအမ်ဳိးသမီးကို လိုက္လံစံုစမ္းေနေသာ္လည္း ၿခိမ္းေျခာက္မႈမရွိေတာ့ေၾကာင္း လြန္ဘာဒိုက ဆိုသည္။
Mandalay Bay ဟိုတယ္၏ ကပ္ရပ္တြင္ က်င္းပသည့္ Route 91 ဟုေခၚေသာ သံုးရက္ၾကာ ေက်းလက္ဂီတပြဲေတာ္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ယခုေဖ်ာ္ေျဖပြဲအား ျပဳလုပ္ေနစဥ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယင္းေဖ်ာ္ေျဖပြဲသို႔ လာေရာက္သူ ေထာင္ႏွင့္ခ်ီရွိေၾကာင္း သိရသည္။
နာမည္ေက်ာ္ ေက်းလက္ဂီတအဆိုရွင္ ေဂ်ဆင္အယ္ဒင္းက စင္ေပၚ၌ သီဆိုေဖ်ာ္ေျဖေနစဥ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ဇြန္လက လူ ၄၉ ဦးကိုေသေစခဲ့ေသာ ဖေလာ္ရီဒါႏိုက္ကလပ္ ပစ္ခတ္မႈျဖစ္ခဲ့ၿပီးေနာက္ ယခုလပ္စ္ဗီးဂတ္စ္ ပစ္ခတ္မႈသည္ အေမရိကန္တြင္ လူေသဆံုးမႈအမ်ားဆံုး ပစ္ခတ္မႈျဖစ္လာသည္။
----->>> Unicode <<<-----
သေနတ်သမားတစ်ဦးသည် ကာစီနိုရှိသော Mandalay Bay ဟိုတယ်၏ (၃၂)ထပ် မှနေ၍ ကပ်ရပ်၌ ပြုလုပ်နေသည့် ဂီတဖျော်ဖြေပွဲသို့ သေနတ်ဖြင့် လှမ်း၍ပစ်ခတ်နေသည်ဟု သတင်းရရှိခဲ့ပြီးနောက် ရဲများရောက်လာကြပြီး ဟိုတယ်၏ ထို (၃၂)ထပ်မှာပင် သေနတ်သမားကို အသေဖမ်းမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေနတ်သမားသည် ဒေသခံ တစ်ဦးဖြစ်သည်ဟု ရဲများကဆိုသည်။
ဒေသစံတော်ချိန် ည ၁၀ နာရီကျော် အချိန်တွင် ဖျော်ဖြေပွဲထဲ၌ မောင်းပြန်သေနတ်သံကို စတင်၍ ဆက်တိုက်ကြားခဲ့ရပြီးနောက် ပွဲလာပရိတ်သတ်များသည် ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးကြသည်ကို စမတ်ဖုန်းများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများထဲတွင် တွေ့ရသည်။
“လူ ၅၈-ဦးဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ ၅၀၀ ထက်မနည်း ရှိခဲ့ပါတယ်” ။ “စုံစမ်းမှုတွေကတော့ ပြုလုပ်နေတုန်းပါပဲ။ ဒါပေမဲ့ စိတ်သက်သာစရာက တိုက်ခိုက်သူကို သုတ်သင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အန္တရာယ်မရှိတော့ပါဘူး” ဟု လပ်စ်ဗီးဂတ်မြို့ ရဲတပ်ဖွဲ့မှ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဂျိုဆပ်လွန်ဘာဒိုက နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် သေနတ်သမားတွင် အဖော်အမျိုးသမီးတစ်ဦးရှိခဲ့ပြီး ရဲများက ထိုအမျိုးသမီးကို လိုက်လံစုံစမ်းနေသော်လည်း ခြိမ်းခြောက်မှုမရှိတော့ကြောင်း လွန်ဘာဒိုက ဆိုသည်။
Mandalay Bay ဟိုတယ်၏ ကပ်ရပ်တွင် ကျင်းပသည့် Route 91 ဟုခေါ်သော သုံးရက်ကြာ ကျေးလက်ဂီတပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုဖျော်ဖြေပွဲအား ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲသို့ လာရောက်သူ ထောင်နှင့်ချီရှိကြောင်း သိရသည်။
“မှန်ကွဲသလိုမျိုးအသံတစ်ခုကို ကျွန်မတို့ကြားခဲ့ရတယ်။ ဒါကြောင့် ဘာများဖြစ်သလဲလို့ ဘေးဘီကို လျှောက်ကြည့်တဲ့အချိန်မှာ ဖောက်၊ ဖောက်၊ ဖောက်ဆိုတဲ့ အသံတွေကို ထပ်ကြားခဲ့ရတယ်” ဟု မိုနစ်ဒီကာ့ဖ်ဆိုသည့် အမျိုးသမီးက ပြောကြားခဲ့သည်။
နာမည်ကျော် ကျေးလက်ဂီတအဆိုရှင် ဂျေဆင်အယ်ဒင်းက စင်ပေါ်၌ သီဆိုဖျော်ဖြေနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇွန်လက လူ ၄၉ ဦးကိုသေစေခဲ့သော ဖလော်ရီဒါနိုက်ကလပ် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ယခုလပ်စ်ဗီးဂတ်စ် ပစ်ခတ်မှုသည် အမေရိကန်တွင် လူသေဆုံးမှုအများဆုံး ပစ်ခတ်မှုဖြစ်လာသည်။
Comments